ဗိုးဗြဲတိုက်ပွဲတွင် ကျဆုံးလေပြီးသော ပြည်သူ့အာဇာနည် သူရဲကောင်းများကို သေနတ်ပစ်ဖောက်အလေးပြုပြီး မြေသို့အပ်နှံခြင်းVideo- Htut Khaung
ဖေဖော်ဝါရီ ၂၁ရက်နေ့၊ မော်စကိုမြို့တွင် ကျင်းပသည့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် ယူကရိန်းနိုင်ငံအတွင်းရှိ ရုရှားကျောထောက်နောက်ခံပြု သူပုန်များ ထိန်းချုပ်ရာ Donetsk နှင့် Luhansk ဒေသနှစ်ခုကို သီးခြားလွတ်လပ်သည့်ပြည်နယ်များအဖြစ် အသိအမှတ်ပြုသည့် အမိန့်ကို ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း သိရသည်။ ထိုအမိန့်ထဲတွင် ရုရှားသမ္မတပူတင်၏ အသုံးအနှုန်းအရ ရုရှားတပ်ဖွဲ့ဝင်များသည် ထိုယူကရိန်းနယ်မြေများအတွင်းသို့ ငြိမ်းချမ်းရေးထိန်းသိမ်းသည့် လုပ်ငန်းစဉ်များ လုပ်ဆောင်သွားမည်ဟု ပါရှိသည်။ရုရှားသမ္မတ ပူတင်၏ အမိန့်ကြေညာချက်အပြီးတွင် အမေရိကန်နှင့် ဗြိတိန်တို့က ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများဖြင့် တုံ့ပြန်သွားမည်ဟု အချက်ပြခဲ့ပြီး ကုလသမဂ္ဂက ထိုအမိန့်ကြေညာချက်သည် ယူကရိန်း၏ အချုပ်အခြာအာဏာကို ထိပါးခြင်းဟု မှတ်ချက်ပြုလိုက်သည်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အရေးပေါ် အစည်းအဝေးတွင် “သူတို့ တကယ် ဘာတွေလဲဆိုတာ ငါတို့သိတယ်”ဟု ပြောကြားခဲ့သည်။ ရုရှားသမ္မတ ပူတင်က ယူကရိန်းနိုင်ငံနှင့် ပတ်သက်ပြီး ပြောကြားရာတွင် Donetsk နှင့် Luhansk ဒေသနှစ်ခုသည် ရှေးယခင်ကတည်းက ရုရှားနိုင်ငံ၏ နယ်မြေအစိတ်အပိုင်းများ ဖြစ်ကြောင်း၊ လက်ရှိယူကရိန်းအစိုးရသည်လည်း နိုင်ငံရပ်ခြား အင်အားကြီးနိုင်ငံများ၏ ရုပ်သေးအစိုးရသက်သက်ဖြစ်ကြောင်း၊ ယခု ခေတ်သစ်ယူကရိန်း ဆိုကာ ဖြစ်ပေါ်လာရန် ရုရှားက သတ်မှတ် ဖန်တီးပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ထို့ပြင် ရုရှားသမ္မတပူတင်က ယူကရိန်းအနေဖြင့် ထိုဒေသနှစ်ခုတွင် စစ်ရေးလှုပ်ရှားမှုများကို ချက်ခြင်းရပ်တန့်ရမည်ဖြစ်ပြီး ထိုသို့မလိုက်နာမှုကြောင့် သွေးထွက်သံယိုမှုများဖြစ်ပေါ်ခဲ့လျှင် လက်ရှိ ယူကရိန်းကို ထိန်းချုပ်အာဏာယူထားကြသူများ၏ အလုံးစုံတာဝန်ဖြစ်လိမ့်မည်ဟု သတိပေးလိုက်သည်။ ယူကရိန်းအနေဖြင့် NATO စစ်ရေးမဟာမိတ်အဖွဲ့ထဲသို့ ပါဝင်ရန် လုပ်ဆောင်နေခြင်းက ရုရှား၏ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်နေပြီး ရုရှား၏ စိုးရိမ်မှုကို NATOက လျစ်လျူရှုထားကြောင်း ထပ်လောင်းပြောကြားခဲ့သည်။အမေရိကန်အစိုးရအနေဖြင့် ယူကရိန်းထဲမှ ခွဲထွက်သည် ဆိုသည့် ဒေသများအတွင်း လှုပ်ရှားနေကြသူများအပေါ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အရေးယူမှုများ ချမှတ်ကြောင်း အမိန့်ကြေညာချက် မကြာခင် ထွက်ရှိမည်ဟု အိမ်ဖြူတော်မှ ကြေညာလိုက်သည်။
February ni 21, Moscow ih tuahmi Security Council Meeting ah Russia President Putin cun Ukraine ram ih um mi Russia lam tang dothlengnak tuah tu pawl ih an cawlcangnak hmunhma hmun hnih a si mi Donetsk peng le Luhansk peng pawl cu a zalen mi state pawl ah cang ding in thusuahnak ca cu a hmin a khen. President Putin ih hman mi cafang pawl cun Russia ralkap pawl in Ukraine ram sung ah remdaihnak kilkhawi thei mi hnatuan pawl a tuah ding tiah a sim.Putin in a cui thu a than theh hnu ah American le Britain pawl in Russia ram tlun ah daan tat nak kan tuah ding tiah theihter nak an rak nei. UN in a cui thupeknak cu Ukraine ram ih ram thuneihnak/ramuknakawknak a vai hnaihnok, a va tong tham tiah a ti. UN ih American Embassador Thomas-Greenfield cun UN humhim awk nak council meeting tonkhawm thurelkhawmnak ah cun an mah hi ziang bik an si hi kan thei ko tiah a rak sim. Russia President Putin in Ukraine ram ih Donetsk le Luhansk peng pa hnih hi hlan lai ah cun Russia ram ih tel mi a rak si ti thu, a tu ii Ukraine a cozah tla cu leitlun ram dang thazang a cak mi ram pawl ih lentecelh nak tunu vek ih human mi acozah men a si ti thu, a tu Ukraine thar a cang nak ding ah Russia in a run tuah sak mi a si ti thu a sim.Cu hlei ah Russia President Putin in Ukraine in a cu peng pa hnnih sung ah ralkah awknak pawl cu cawl cih ding a si ding, cui thu an thlun duh lo ruang ah thisen suak in kapdohawknak a rung um len Ukraine ram uknak thu nei tu pawl ih zakhat ah zakhat tuan vo a si ding tiah ralrinnak a pek. Ukraine in NATO-ral lam in tangrual bu sung ah a lut tum mi hi Russia ram ih humhimawknak cu a thihphaih mi a si ih Russia ih a thin phan nak cu NATO in zianghman a siar lo tiah a run sim bet.American acozah cun Ukraine sung ih sin tel nawn in in suahsan ding ti mi a cui peng sung ih cawlcang rero tu pawl tlun ah American President Joe Biden in daantatnak tuah ding ti ih thusuah nak cu a rei hlan ah asuak cingding tiah White House in thuthang suahnak a nei. Ref: Fox News, BBC, A NewsPhoto : The Star, CNN